ဖောင်းပြင်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ် ထုတ်ချေးပေးနိုင်ရေး ကျေးရွာများမှ ချေးငွေစိစစ်ရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

ဖောင်းပြင် အောက်တိုဘာ ၂၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာ ရေးနှစ် အတွက် ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေးနိုင်ရေး ကျေးရွာများမှ ချေး ငွေစိစစ်ရေး အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက် ၁၁နာရီအချိန်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၌ ပြုလုပ်ကြောင်း သိရသည်။

 

ထိုသို့ဆွေးနွေးခဲ့ရာတွင် ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မြို့နယ်မန်နေဂျာ ဦးအောင်လွင်က အဖွင့်အမှာ စကားပြောကြားရာတောင်သူများအတွက် စိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးခြင်းရ ခြင်းမှာ လယ်ယာထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ပြီး နိုင်ငံသားများ၏ စားနပ်ရိက္ခာဖူလုံစေရေး၊ မြန် မာ့လယ်ယာထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေးနှင့် တောင်သူလယ်သမား များ၏ ဝင်ငွေနှင့် လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကိုရည်ရွယ်၍ တောင်သူလယ်သမားများ၏ စိုက်ပျိုး ထုတ်လုပ်မှု စရိတ်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးက နှစ်စ်စိုက်ပျိုးစရိတ်ချေးငွေများ ထုတ် ချေးရခြင်းဖြစ် ကြောင်းပြောကြားသည်။

 

ယင်းနောက် ကျေးရွာချေးငွေစိစစ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ပြီး ယခုနှစ်တွင် ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ်ချေးငွေ များကို နိုဝင်ဘာလ ပထမပတ်တွင် စတင်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ စိုက်ပျိုးရေးစရိတ်စရိတ် ထုတ်ချေးပေးခြင်းဆိုင်ရာ ဆွေးနွေးပွဲသို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်က မြို့နယ်မန်နေဂျာနှင့် ဝန်ထမ်းများ ကျေးရွာချေးငွေစိစစ်ရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)