ရေတာရှည် အောက်တိုဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ရေတာရှည်မြို့နယ် ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပေး အပ်ပွဲကို ယနေ့ နံနက်ပိုင်းက နတ်ရေတွင်းကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရေတာရှည်မြို့နယ် ဦးစီးမှူး ဦးဉာဏ်စိုးက နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ သတိပြု လိုက်နာရမည့် အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဘိုးတော်ကုန်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများ၌ ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ် ၁၅၈ခု နှင့် မြို့ပေါ်ရပ်ကွက်များတွင် ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၅ ခု၊ စုစုပေါင်း ၁၉၃ ခု အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် တာဝန်ရှိသူများက ပြည်သူများ လက်ဝယ် အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)