ဘားအံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် (၆) လဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဘားအံ အောက်တိုဘာ   ၂၇

 ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၌ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ နာရီက ဘားအံမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပြည်သူ့ဝန်ဆောင်မှုရုံးခန်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးထင်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လဒေသန္တရ စီမံကိန်းရည်မှန်းချက်များကို မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအား တိုက်နယ် အလိုက်  တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ဒေသန္တရ စီမံကိန်းရင်းနှီးမြုပ်နှံမှုလျာထားချက်ကို ပြည်နယ်၏ ဦးစားပေးဆောင်ရွက်မည့် မူဝါဒလုပ်ငန်းစဉ်များကို အခြေခံ၍ရေးဆွဲခဲ့ကြောင်း၊ ဘားအံမြို့နယ်၏ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်(၆)လ ဒေသန္တရစီမံကိန်းတွင် စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဘိုး(ဂျီဒီပီ)မှာ နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၅၈၂.၇၃၈ ဘီလီယံဖြစ်ပေါ်စေရန်နှင့် ပုံမှန်ဈေးနှုန်း များအရ ၄.၆ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားကြောင်း၊ လုပ်ငန်းစီမံကိန်းများပါ ရာနှုန်းပြည့် အကောင်အထည်ဖော်နိုင်ရေးနှင့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းစီမံကိန်းများကို အကောင် အထည်ဖော်ရာတွင် အရည်အသွေးပြည့်ဝပြီး သတ်မှတ်အချိန်မီ ပြီးစီးရန် သက်ဆိုင်ရာဌာနများမှ စဉ်ဆက်မပြတ် စောင့်ကြည့်၍ တိုးတက်မှုအခြေအနေကို ကွပ်ကဲကြပ်မတ်၍ ပူးပေါင်းဆောင်ရွက် သွားရန် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဘားအံမြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သီတာက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်(အောက်တိုဘာလမှစက်တင်ဘာလအထိ) အကောင်အထည်ဖော်နိုင်မှု အခြေအနေ၊ ဘားအံမြို့နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ (အောက်တိုဘာလမှ စက်တင်ဘာလကုန် အထိ) စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး အကောင်အထည်ဖော်နိုင်မှုအခြေအနေ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍနှစ်၊(အောက်တိုဘာလမှ စက်တင်ဘာလအထိ) ရင်းနှီး မြုပ်နှံမှုလျာထားချက် အကောင်အထည်ဖော်နိုင်မှုအခြေအနေ၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ဘားအံမြို့နယ်၏ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် (၆)လဒေသန္တရစီမံကိန်း ကဏ္ဍအလိုက် စီမံကိန်း ရည်မှန်းချက်များတာဝန်ပေးအပ်ရာတွင်  ဌာနဆိုင်ရာများကိုယ်စား စိုက်ပျိုးရေး ဦးစီးဌာန မှလည်းကောင်း၊ နိုင်ငံပိုင် အခန်းရင်းနှီမြုပ်နှံမှုလျာထားချက်များ တာဝန်ပေးအပ်ရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှလည်းကောင်း၊ တိုက်နယ်အလိုက်တာဝန်ပေးအပ်ခြင်းကို သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)