ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများကို အသက် ( ၁၈) နှစ်နှင့် အထက် ပြည်သူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ပြင်ဦးလွင် ၊   အောက်တိုဘာ  ၂၇

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ဆေးများ ထိုးနှံ ပေးခြင်း ကို    ယနေ့  နံနက် ( ၉) နာရီမှ စတင်ပြီး  ရပ်ကွက်ကြီး  ( ၁ ) ရှိ အစိုးရစက်မှုလက်မှု သိပ္ပံ ကျောင်း၌ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်နေရာ အသီးသီးတို့တွင်  မြို့ပေါ် ရပ်ကွက် နေပြည်သူများအား  ဒုတိယအကြိမ်  ကာကွယ်ဆေးများ  ဆက်လက် ထိုးနှံပေး လျက်ရှိ ကြောင်းသိရ သည် ။    

 

ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး  ( ၂ )  ရှိ  ကိုဗစ် - ၁၉  ရောဂါကာကွယ်ဆေး   ဒုတိယအကြိမ် မထိုးနှံ ရသေးသည့် အသက် ( ၁၈ ) နှစ်နှင့်အထက်  ပြည်သူမျာအား ကာကွယ်ဆေးထိုး စုရပ်များအဖြစ် သတ်မှတ်ပြီး  အပူချိန်တိုင်းတာခြင်း ၊စာရင်းများရေးသွင်းခြင်းနှင့် ကျန်းမာရေးဆိုင်ရာများ စစ်ဆေး ခြင်းစသည့်  ကျန်းမာရေးညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ပြီး တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်းကာ  ကာကွယ်ဆေးတစ်လုံးလျှင်  လူ ( ၅ ) ဦးနှုန်းဖြင့်  မိမိတို့ရပ်ကွက် အလိုက် ရရှိသော  ဆေးလုံးအရေအတွက်အတိုင်း  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏  ပြောကြားချက်အရ သိရသည် ။  

 

ခရိုင် ( ပြန်/ဆက် )