မာန်အောင်မြို့နယ်၌ အသက်(၅၅)နှစ်အထက်နှင့် ဦးတည်အုပ်စုများတွင် အကျုံးဝင်သည့်ပြည်သူ(၈၂၅၅)ဦးအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးဖြစ်

 

မာန်အောင် အောက်တိုဘာ ၂၇

 

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် အောက်တိုဘာလ၂၃ရက်နေ့မှစတင်ကာအသက်(၅၅)နှစ်အထက်နှင့် ဦးတည်အုပ်စု တွင် အကျုံးဝင်သည့် (၅၅)နှစ်အထက်ရှိ သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာတော်များ၊သာသနာ့အနွယ်ဝင်သီလရှင်များ၊ မသန်စွမ်း သူများ၊ နာတာရှည်ရောဂါခံရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဝန်းထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ ကုန်စုံစျေးဆိုင်များစသည့် ဦးတည်အုပ်စုတွင် ပါဝင်သည့်ဒေသခံပြည်သူများအား ဆေးထိုးစုရပ် ()နေရာခွဲခြား သတ်မှတ်ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခဲ့ရာ အောက်တိုဘာ လ၂၆ရက်နေ့ ထိကာကွယ် ဆေးထိုးနှံပြီးသူပေါင်း(၈၂၅၅)ဦးရှိပြီးဖြစ်ကြောင်းသိရသည်။

 

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ် ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင် ကူညီခဲ့ကြ ကြောင်း သိရသည်။

 

သိန်းဖေ(ပြန်/ဆက်)