မင်းကင်း အောက်တိုဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကဒ်ကိုင်ကြစို့” ဆောင်ပုဒ်စိုက်ထူခြင်းကို ဆုတောင်းပြည့် ဘုရားရှေ့၊ ကမ်းနားလမ်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံရှေ့ တို့တွင် ယနေ့နံနက်ပိုင်းက စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ပုဒ်စိုက်ထူရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်း၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးအရာရှိ ဦးစံသိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ပူပေါင်းစိုက်ထူခဲ့ကြသည်။
မင်းကင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးဌာနအနေဖြင့် အိမ်ထောင်စုများတွင် လူဦးရေ စာရင်းရှိပြီး အိမ်ထောင်စုစာရင်းမရှိသူများနှင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသော ပြည်သူများကို ပန်းခင်း စီမံချက်ဖြင့် ပြည်သူအားလုံးနိုင်ငံသားစီစစ်ရေးကဒ်များ ကိုင်ဆောင်နိုင်ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်လိုသောပြည်သူများသည် လူဝင်မှု ကြပ်ရေးဌာနနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။
မင်းကင်း(ပြန်/ဆက်)