မိုးညှင်းမြို့၌ အွန်လိုင်းမှတစ်ဆင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်

မိုးညှင်း          အောက်တိုဘာ          ၂၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၁)နာရီက ဆောင်ရွက်ခဲ့သည်။

အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိုးညှင်းမြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူး ကဗျာဆရာမင်းကိုဦး(မိုးညှင်း)က ခရီးသွားလေးဖော်ကဗျာများစာအုပ်တွင် ရေးသားထားသည့် “(၂၁)ရာစု မိုးညှင်းခရီးစဉ်”ကဗျာခေါင်းစဉ်ဖြင့် ဟောပြောဆောင်ရွက်ရာ ကျောင်းသား/သူများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နေသည့်ကာလဖြစ်၍ ရောဂါကူးစက် ပြန့်ပွားမှုများ မဖြစ်ပေါ်လာနိုင်စေရန်အတွက် ကျောင်းသား/သူများနှင့် ပြည်သူများထံသို့ ကွင်းဆင်းဆောင်ရွက်နိုင်ခြင်း မရှိသည့်အနေဖြင့် အွန်လိုင်းမှတစ်ဆင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ တတ်ကျွမ်းပညာရှင်များ၊ စာပေပညာရှင်များနှင့် ပေါင်းစပ်ကာ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)