ကျောက်တန်းမြို့၌ အသံမစဲ အဘိဓ္ဓာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနား ကျင်းပ
Jun 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့တွင် မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုအန္တရာယ်နှင့် အလုံးစုံသော ဘေးအန္တရာယ်တို့ကို တားဆီးကာကွယ်နိုင်စေရေး ရှေးရှု၍ ကျောက်တန်း မြို့ ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်၌ ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့သော အသံမစဲ အဘိဓ္ဓာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကိုယနေ့နံနက် ၉ နာရီက အဆိုပါ သမိုင်းဝင်ကျိုက်မှော်ဝန်း ရေလယ်စေတီတော်၌ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။