ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်

ဖြူး ဇွန် ၂၃

ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူများ သိရှိလိုက်နာရမည့်အချက်များ၊ ဆောင်ရန်ရှောင်ရန်များအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်း လိုက်လံကြေငြာပေးခြင်းများကို ဆောင်ရွက်လျက် ရှိရာ ဇွန်လ(၂၃) ရက်နေ့က လမ်းဆုံလမ်းခွနေရာများတွင် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမပြန့်ပွားရေးအတွက် အထူးဂရုပြု သွားလာနေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ သွားလာရာတွင် Mask (နှာခေါင်းစည်း)များ စနစ်တကျ တပ်ဆင်သွားကြရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ မကြာခဏ စနစ်တကျ လက်ဆေးကြရန် စသည့် ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် ပတ်သက် သည့် ထုတ်ပြန်ထားသည့် အချက်များအား လိုက်နာ၍ အချင်းချင်းအသိပေးခြင်းများဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လိုက်လံနှိုးဆော် အသိ ပညာပေးခဲ့ကြောင်း သိရသည်။