ညောင်ရွှေ ဇွန် ၂၃
ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်ဖြစ်ထွန်းလာစေရန်၊ ငါးမွေမြူရေးလုပ်ငန်းရှင်များ စ နစ်တကျမွေးမြူခြင်းဖြင့် အကျိုးပိုမိုရရှိစေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးသယံဇာတ ပေါကြွယ်ဝစေရန်နှင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာ ပေးသင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ညောင်ရွှေမြို့နယ် ငါးလုပ်ငန်းစခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးလွှမ်းမိုးဇော်က သင်တန်းဆင်းအမှာစ ကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဦးက အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသား၊သင်တန်း သူများကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြား ခဲ့သည်။
၎င်းနောက် အခမ်းအနားတက်ရောက်လာသည့် ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူ များမှ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို (၂၁.၆.၂၀၂၁) ရက်နေ့မှ (၂၃.၆.၂၀၂၁) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားဦးရေစုစုပေါင်း(၁၉)ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
စိုင်းအယ်ဘဲ