မော်လိုက်မြို့နယ်၌ COVID-19 ရောဂါပိုးတွေ့ရှိသူ ၃၃ ဦးထိရှိလာ
Jun 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ COVID-19 ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့ခဲ့သူ (၂၉)ဦး တို့အား ယမန်နေ့ နံနက်ပိုင်းက RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၁၃)ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်းနှင့် မော်လိုက်မြို့နယ်တွင် ယနေ့အချိန်ထိ COVID-19 ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း (၃၃)ဦးရှိခဲ့ပြီး တစ်ဦးမှာရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ရာ ခရိုင်ပြည်သူ့ဆေးရုံရှိ သီးသန့်ဆောင်တွင် ပိုးတွေ့လူနာ(၃၂)ဦးကို ဆေးကုသမှုဆောင်ရွက်ပေးလျက် ရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှသိရသည်။