မြိတ်မြို့၌ အိုလံပစ်နေ့အထိမ်းအမှတ် (၄) မြို့နယ် အမျိုးသား/ အမျိုးသမီး လက်ဝှေ့လက်ရည်စစ်ပွဲ ကျင်းပ

မြိတ် ဇွန် ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် (၄)မြို့နယ် အမျိုးသား/အမျိုးသမီး လက်ဝှေ့လက်ရည်စစ်ပွဲကို အိုလံပစ်နေ့အထိမ်းအမှတ်အဖြစ် အမျိုးသားပွဲစဉ်၊ အမျိုးသမီးပွဲစဉ် ကီလိုတန်းများအလိုက် ကျင်းပလျက်ရှိသည်။

အမျိုးသား/ အမျိုးသမီး လက်ဝှေ့လက်ရည်စစ်ပြိုင်ပွဲကို ခရိုင်အတွင်းရှိ မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီ မြို့နယ်များမှ လက်ဝှေ့အားကစားသမား (၄၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မြိတ်ခရိုင်လက်ဝှေ့ဆပ် ကော်မတီမှ ထူးချွန်သော လက်ဝှေ့အားကစားသမားများကို အမှတ်ပေးရွေးချယ်ခဲ့ကြ၍  တိုင်းဒေသကြီး အဆင့် ပြိုင်ပွဲသို့ ဆက်လက်သွားရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။

လက်ဝှေ့လက်ရည်စစ် အမျိုးသားပြိုင်ပွဲ ပွဲစဉ်များတွင် (၄၅)ကီလိုတန်း၊ (၅၁)ကီလိုတန်း၊ (၅၄)ကီလို တန်း၊ (၅၇)ကီလိုတန်း၊ (၆၀)ကီလိုတန်းပြိုင်ပွဲများနှင့် အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များတွင် (၄၂)ကီလိုတန်း၊ (၄၅)ကီလိုတန်း၊ (၄၈)ကီလိုတန်း၊ (၅၁)ကီလိုတန်း၊ (၆၀)ကီလိုတန်းပြိုင်ပွဲများဖြင့် ဇွန်လ(၂၁)ရက်မှ (၂၃)ရက်အထိ ကျင်းပခဲ့ပြီး ဆုရရှိသည့် ပြိုင်ဝင်အားကစားသမားများအား ငွေသားဆုများ ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

ခိုင်ထူး