သတင်းများ

မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိ
Nov 01,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကို ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူသို့ အသိပေးပန်ကြားချက်များကို ဒေသခံ တိုင်းရင်းသားပြည်သူများ သိရှိလိုက်နာစေရန်အတွက် ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်အတွင်းသို့ လှည့်လည် ဆောင်ရွက်ခဲ့သည်။
မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပြည်သူများသိရှိလိုက်နာရမည့် စည်းကမ်းချက်များ အား အသိပညာပေးနှိုးဆော်
Nov 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်၍ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဆိပ်ဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ
Nov 01,2021
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ကာကွယ်ထိန်ချုပ်ရေးနိုင်ရေးအတွက် အခြေခံပညာကျောင်းများအား ခယာယီ ပိတ်ထားခဲ့ရာမှ ယနေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းများပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့သည့် အခြေခံပညာကျောင်းများ အားလုံး ပြန်လည်ဖွင့်လှစ်
Nov 01,2021
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများကို ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ မြို့နယ်အတွင်း ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိမှုနှုန်း သိသိသာသာလျော့နည်းသွားပြီး ဖြစ်သည့်အတွက် ယနေ့နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသားကျောင်းသူများအေးချမ်းစွာ တက်ရောက်ပညာသင်ကြားကြကြောင်း သိရသည်။
မင်းပြားမြို့၌ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြောင့် ရပ်နားထားရသည့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်
Nov 01,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် စည်းကမ်းချက်နှင့်အညီ ယနေ့နံနက် (၉)နာရီအချိန်မှ စ၍ပုံမှန်သင်ကြားနိုင်ရန် ပြန်လည်ဖွင့်လှစ်လျှက်ရှိကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး မြန်မာ ၊ရှမ်း ဘာသာနှစ်မျိုးဖြင့် အသိပညာပေးလှည့်လည်နှိုးဆော်
Nov 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ အား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပီးနှင့် ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီအချိန်မှ စတင်၍ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံ နိုင်ရေးနှင့် ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရှမ်း၊ မြန်မာ ဘာသာနှစ်မျိုးဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို အုန်းကြောရွာသစ် ကျေးရွာတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဆီဆိုင်မြို့တွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Nov 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်းမှ ယနေ့နံနက် ၉ နာရီအချိန်က နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများပြန်လည်ဖွင့်လှစ်
Nov 01,2021
 ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ တွင် ပြန်လည်ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်း သိရသည်။