နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်း မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

 

နေပြည်တော်   ဇွန်    ၂၃

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းဝေးခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ယခုတွေ့ဆုံပွဲတွင် မြို့နယ်ဖွဲ့စည်းပုံမရှိသည့် ခရိုင်ဖွဲ့စည်းပုံသာရှိသည့် စားသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနစသည့် ဌာနဆိုင်ရာများကိုဖိတ်ကြားစေခဲ့ပြီး ခရိုင်အဆင့်ရှိသည့် ဌာနဆိုင်ရာများနှင့်ချိတ်ဆက်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူလျှင်မြန်စေရန်၊ မြို့အင်္ဂါရပ်နှင့်အညီ မြို့တွင်းယာဉ်များ စည်းကမ်းတကျပြေးဆွဲနိုင်ရေး၊ ယာဉ်မောင်း ယာဉ်နောက်လိုက်များ  ယာဉ်စည်းကမ်း လမ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ သစ်တောပြုန်းတီးမှုကာကွယ်ရန် ဝါးပင်စိုက်ပျိုးတောင်သူများ ပေါ်ထွန်းလာအောင်ဆောင်ရွက် ပေးစေလိုကြောင်း၊ မိုးလေဝသသတင်းအချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပညာသင်ကြားနိုင်ရန်နှင့် အသက်(၁၈)နှစ် ပြည့်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးရေး၊ မြို့နယ်လူဦးရေအပေါ်အခြေခံ၍ စားနပ်ရိက္ခာဖူလုံရေးအတွက် ရာသီအလိုက်စိုက်ပျိုးသီးနှံများ စိုက်ပျိုးထုတ်လုပ်သွားရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် သက်ဆိုင်သည့်ဌာနအနေဖြင့် လေထု/ ရေထု/မြေထုများ ညစ်ညမ်းမှုကို စစ်ဆေးဆောင်ရွက်ပြီး အထက်ဌာနအဆင့်ဆင့်သို့တင်ပြ ဆောင်ရွက်သွားရန် ရှင်းလင်းမှာကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် လိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့သည်။                        

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက နေပြည်တော်ပညာရေး မှူးရုံးမှ တာဝန်ရှိသူများ၊ ဇေယျာသီရိမြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ   ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပညာသင်ကြားနေမှုကို  သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်ချက်များမှာကြားခဲ့ကြောင်းသိရသည်။

 

မြို့နယ်(ပြန်/ဆက်)