ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ သံသယလူနာများ ထားရှိရန် Quarantine Centre ပြင်ဆင်ဆောင်ရွက်
Jun 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် သံသယလူနာများ၊ StayHome သတ်မှတ်ထားသည့် မြို့နယ်များမှ ပြန်လည်ရောက်ရှိလာသူများနှင့် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများကို ထားရှိစစ်ဆေးရန်အတွက် Quarantine Centre အဖြစ် အသုံးပြုဆောင်ရွက်လုပ်ကိုင်မည့် ပေါက်ခေါင်းမြို့နယ် မြို့မအားကစားကွင်းအတွင်းရှိ မြို့နယ်အားကစားခန်းမ ကို ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။