နယုန်လပြည့် မဟာသမယ အခါတော်နေ့
Jun 24,2021
ဘုရားရှင် လက်ထက်တော် အခါက ရဟန္တာ ငါးရာတို့သည် မိမိတို့ရရှိပြီးသော တရားထူးကို လျောက်ထားရန်နှင့် ဘုရားရှင်အား ဖူးမြော်ရန် နယုန်လပြည့် ညချမ်းအချိန်အခါတွင် စုရုံး၍ ရောက်ရှိလာကုန်၏။ ဤကဲ့သို့ ထူးခြားသော သံဃာအစုအဝေးကြီးကို တွေ့မြင်ကြည်ညို လိုကြကုန်သော နတ်ဗြဟ္မာ အသုရာ ဂဠုန်နဂါးတို့သည် မဟာဝုန်တောသို့ အုပ်စုလိုက် စုဝေး၍ ရောက်ရှိလာချိန်ကို မဟာသမယ ဟု ခေါ်ဆို၍ ရဟန္တာငါးရာနှင့် နတ်ဗြဟ္မာတို့၏ အမည်နာမ ဘုံဌာန တန်ခိုးက္ကဒ္ဓိပါဒ် အခြွေအရံတို့၏ ထုတ်ဖော်မြွတ်ကြားချက်ကို မဟာသမယသုတ်ဟု ခေါ်သည်။