ခန္တီး ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၁ခုနှစ်၊ ခန္တီးမြို့နယ်အားကစားနှင့်ကာယပညာဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာ ပေါင်းစုံ အမျိုးသား (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီခွဲ အချိန်က မြို့နယ်အားကစားခန်းမအတွင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲသို့ ရပ်ကွက်/ကျေးရွာ ပေါင်းစုံမှ အသင်းပေါင်း(၉)သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး အသင်းလိုက် ပထမ၊ ဒုတိယ၊ တတိယဆုများချီးမြှင့်ကာ တစ်ဦးချင်း အကောင်းဆုံးရိုက်ထုတ်ဆု၊ အကောင်းဆုံး ပင့်ထောင်ဆု၊ စပေးဘောအကောင်းဆုံးဆုနှင့် ပထမရရှိသည့်အသင်းအား တခွန်စိုက် ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဒီဇိုင်း(ရတနာမြေ)