သတင်းများ

ပေါက်တောမြို့၌ စားသုံးသူ ကာကွယ်ရေးဆိုင်ရာအသိပညာပေး (Talk Show) ကျင်းပ
Jun 24,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူများ၏ အကာအကွယ်ပေးရေး ဆိုင်ရာ အသိပညာ ပေး(Talk Show)ကို ယမန်နေ့ နံနက်((၁၀:၀၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (မြို့နယ်ရုံး)လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ပြုလုပ်ခဲ့သည်။
ဖာပွန်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့်   အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “သတင်းစကား”လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်ရှိ လူစည်ကားရာနေရာများနှင့် စျေးများ၌ သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၉) မြို့နယ်တွင် လျှပ်စစ်ဓာတ်အားလိုင်း ယာယီပြတ် တောက်
Jun 24,2021
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ ခရိုင်နှင့် မြို့နယ်များအတွင်း လျှပ်စစ်ဓာတ်အား လိုင်းနှင့် မလွတ်ကင်းသော သစ်ပင် သစ်ကိုင်းများခုတ်ထွင် ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်းကို ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီ အချိန် အတွင်း လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ပြီးစီး
Jun 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများနှင့် ကျေးလက်ရေပေး​ရေးလုပ်ငန်း (စိမ့်စမ်းရေသွယ်ယူခြင်း)များ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ယမန်နေ့က တာဝန်ရှိသူများထံမှ သိရသည်။
မိုင်းပျဉ်းမြို့တွင်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် အပြည်ပြည်ဆိုင်ရာမူး ယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့  အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ပိန်းဆန်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်း၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Jun 24,2021
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များ အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ(၈)ဦးအား  စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၌ Hospital Quarantine ထားရှိ
Jun 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ယမန်နေ့၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၈)ဦး တွေ့ရှိသဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်-၁၉ ရောဂါ ဆေးကုသဆောင်သို့ ပို့ဆောင်ကာ Hospital Quarantine ထားရှိ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရှိရသည်။
အခွန်အရပ်ရပ်လျာထားချက်များ ပြည့်မီအောင် ကောက်ခံရရှိရေး ဆွေးနွေး
Jun 24,2021
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မင်္ဂလာခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲ၌ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့်ကောင်စီ အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန်အရပ်ရပ် ကောက်ခံရသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း အခွန်အရပ်ရပ် လျာထားချက်များကို ပြည့်မီကျော်လွန်အောင် ကောက်ခံရရှိနိုင်ရေး တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းကို ပြုလုပ်သည်။