ကျောက်ကြီးမြို့နယ် ပဲခူးရပ် အထက(ခွဲ) စာသင်ကျောင်းကို ကိုဗစ်−၁၉ စည်းကမ်းနှင့်အညီ ဖွင့်လှစ်နေမှု အခြေအနေအား မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကျောက်ကြီး ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ အထက(ခွဲ)ပဲခူးရပ် စာသင်ကျောင်းတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် ဖွင့်လှစ်သင်ကြားပို့ချ နေမှု အခြေအနေအား မြို့နယ်တာဝန်ရှိသူ များမှ ယနေ့ နံနက် (၉)နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု၊ လက်ဆေးဘေစင်နှင့် ဆပ်ပြာရည်ထားရှိ အသုံးပြုမှု၊ အရံထားရှိသည့် စာသင်ဆောင်များ၊ တက် ရောက်နေသော ကျောင်းသားအင်အားနှင့် စာသင်ဆောင်အခြေအနေ၊ စာရေးခုံ လုံလောက်မှု၊ သောက်သုံးရေနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သင်ကြားရေးဆရာ၊ ဆရာမများနှင့် တက်ရောက် ကျောင်းသူ/ကျောင်းသားများ၏ သင်ကြားမှုအခြေအနေများနှင့် လုံခြုံရေးထားရှိမှုအခြေအနေများ ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

K ခိုင်