မုံရွာ-ပုလဲ-ဂန့်ဂေါ ကားလမ်းပိုင်း ကတ္တရာလမ်းတိုးချဲ့ခင်းခြင်းလုပ်ငန်း အရည်အသွေး ပြည့်မီစေရေး ကွင်းဆင်းစစ်ဆေး
Jun 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲအောင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးလှထွဋ်နောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကိုကိုဦး၊ မြို့နယ်လမ်းဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ (၁) ဦးလင်းလင်းထွန်းကျော်တို့နှင့်အတူ ဇွန်၂၃ရက်၊မွန်းလွဲ၂နာရီတွင် ရွှေနန်းထက်ဝင်းကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မုံရွာ-ပုလဲ-ဂန့်ဂေါ ကားလမ်းပိုင်း ကတ္တရာလမ်းတိုးချဲ့ခင်းခြင်းလုပ်ငန်း အရည်အသွေး ပြည့်မီစေရေးအတွက် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။