သတင်းများ

ငဖဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းနှင့် ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းက ငဖဲမြို့အခြေခံပညာ အထက်တန်းကျောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်နှင့်လူစည်ကားသောနေရာများတွင် အခမဲ့ဖြန့်ဝေပေး ခဲ့သည်။
ဒေသတွင်း ငါးစားသုံးမှုဖူလုံရေးနှင့် ရေချိုငါးသယံဇာတများ တိုးပွားရေးအတွက် ဧရာဝတီမြစ်အတွင်း ငါးမျိုး ပေါက်ကောင်ရေ နှစ်သိန်း စိုက်ထည့်
Jun 24,2021
ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသတွင်း ရေချိုငါးသယံဇာတများမပြုန်းတီးစေရေး၊ ရေချိုငါးများ ဒေသတွင်းဖူလုံစွာ စားသောက်နိုင်ရေးအတွက် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ဆည်တမံနှင့်စပါးခင်းများအတွင်း ငါးမျိုးများ နှစ်စဥ် စိုက်ထည့်ပေး လျက်ရှိရာ ဇွန်လ ၂၄ ရက်နေ့၊နံနက် ၉ နာရီအချိန်တွင် ရွှေဘိုမြို့နယ် ကျောက်မြောင်း မြို့ ရတနာသိင်္ဃ တံတား အနီး ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးများစိုက် ထည့်ခြင်းအခမ်း အနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဖူဆယ်၊ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Jun 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အားကစားခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၏ ၂၀၂၁-ခုနှစ် မြို့နယ်အားကစားဖွံဖြိုးတိုးတက်ရေး အစီအစဉ်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဖူဆယ်၊ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 24,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ပြည်သူလူထုများနှင့် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဆိုးကျိုးများ၊ ရှောင်ရန် ဆောင်ရန်များနှင့် မှတ်သားဖွယ်ရာ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့နံနက် ၁၀ နာရီက လမ်းမကြီးတစ်လျှောက်ရှိ လမ်းသွားလမ်းလာသူများနှင့် အခြေခံပညာကျောင်းများသို့ ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ  ဖြန့်ဝေခဲ့ပြီး စျေးတန်းရပ်ကွက်အခြေခံ ပညာအလယ်တန်းကျောင်းခွဲတွင် နယ်လှည့်စာကြည့်တိုက် စာအုပ်ငှားရမ်းခြင်းလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းခတ်၌ စာဖတ်ဝိုင်း ဆောင်ရွက်
Jun 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ရုံးဝန်ထမ်းများ စာပေအသိပညာ ဗဟုသုတများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ စာရေးဆရာ မင်းသန်းထိုက်(ဒေးဒရဲ) ရေးသားသည့် “စိတ်ပြင်ခြင်း အနုပညာ” စာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်းကို ယနေ့  နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
စစ်ကိုင်းမြို့တွင် မူးယစ်ဆေးဝါး အန္တရာယ် သိကောင်းစရာ (TALK SHOW) ပြုလုပ်ဆောင်ရွက်
Jun 24,2021
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ခရိုင်မူးယစ်ဆန့်ကျင်ရေးအသင်းတို့ ပူးပေါင်း၍ ပြည်သူများအသိပညာ ဗဟုသတများရရှိနိုင်စေရန် ယမန်နေ့၊ မွန်းလွဲ(၃)နာရီက စစ်ကိုင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ (TALK SHOW) အစီအစဉ်ဖြင့် ပြုလုပ်ဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ဇွန်လ ၂၃ ရက်နေ့နှင့် ၂၄ ရက် နေ့များတွင် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ စာသင်ကျောင်းများရှိ ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ လက်ဝယ်အရောက်သွားရောက်ဖြန့်ဝေ ပေးခဲ့ကြသည်
ဘီးလင်းမြို့နယ်တွင် မူးယစ်ဆေးဝါးအသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 24,2021
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများဖြစ် သော စာသင်ကျောင်းများ၊ ကားဂိတ်နှင့် ဌာနဆိုင်ရာများတွင် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများက လိုက်လံဖြန့်ဝေခဲ့ကြသည်။