အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုးညို     ဇွန်   ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်စန္ဒာလင်းနှင့် ဝန်ထမ်းများက ၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်  ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများ၊ အ.လ.က.ခွဲ(တောင်ပိုင်း)ကျောင်း၊ စည်ပင်သာယာဈေးနှင့် လမ်းသွားလမ်းလာများအား ဖြန့်ဝေပေးခဲ့သည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြဿနာကိုဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊ စာရေးဆရာ မုံရွာ ဝင်းဖေ ရေးသားသည့် “ကမ္ဘာ့ရန်သူဘိန်းဖြူ” ကဗျာ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို‌ပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးကာတွန်း ပါဝင်သော မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အကြောင်းအရာများအား ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ ဗဟုသုတရရှိနိုင်ရေးနှင့် ရှောင်ကြဉ်နိုင်ရေးတို့အတွက် ရည်ရွယ်၍ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။                                                                                                                               

ကိုမင်း