မိုင်းဖြတ်မြို့ ကွက်သစ်ရပ်ကွက် အမှတ်၁၄လမ်း၌ ကတ္တရာခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုင်းဖြတ်   ဇွန်   ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်တည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၀နာရီက ကွက်သစ် ရပ်ကွက် အမှတ်၁၄လမ်း၌ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်သည့် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီအောင်၊ အတွင်းရေးမှူး ဦးစီးအရာရှိ(မြို့ပြ) ဦးဇော်ကိုကိုအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ က ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ထောက်ပံ့ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လမ်း အတွက် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း၁၁၀ဖြင့် လမ်းအရှည်၃၈၀ပေ၊ အကျယ်၁၄ပေ၊ ထု၉လက်မရှိ ကတ္တရာခင်း ခြင်းလုပ်ငန်း၊ ခွင့်ပြုရန်ပုံငွေ၁၃၂သိန်းဖြင့် ရေမြောင်းပြုပြင်ခြင်းလုပ်ငန်း၊ ခွင့်ပြုရန်ပုံငွေ၁၇၁သိန်းဖြင့် ပလပ်ဖောင်နှင့် ရေမြောင်းအဖုံးပြုပြင်ခြင်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများကို အချိန်မီဆောင်ရွက်ပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီရေးတို့ကို တာဝန်ရှိသူများက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် မြို့နယ်တည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကွက်သစ်ရပ်ကွက်အတွင်း ဆောင်ရွက်ပြီးစီးသည့် လမ်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှိုခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)