အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

 

 

လှိုင် ဇွန် ၂၄

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနက ၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အစိုးရဌာနဆိုင်ရာများ၊​ စျေးဆိုင်များ၊​ စျေးများ၊ ကားဂိတ်များ၊ လမ်းသွားလမ်းလာများနှင့် လူစည်ကားရာ​နေရာတို့တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းရင်း၊ မူးယစ်ဆေးဝါးပြဿနာကိုဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊ စာရေးဆရာ မုံရွာဝင်းဖေရေးသားသည့် ကမ္ဘာ့ရန်သူဘိန်း ဖြူကဗျာ၊ အသိပညာပေး ကာတွန်းတို့ဖြင့် မူးဆေးဝါးအန္တရာယ် ကြီးမားပုံများကို စာဖတ်သူများ အချိန်တိုအတွင်း ဖတ်ရှုလေ့လာသိရှိနိုင်စေရန် ရေးသားဖော်ပြထားကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ပြည်သူများ၊ အသိပညာဗဟုသုတ ရရှိနိုင်ရေးအတွက် ရည်ရွယ်ပြီး  ဖြန့်​ဝေ​ပေးခဲ့​​ကြောင်း သိရှိရသည်။

သန္တာ​မေ