ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁)ဦးထပ်မံတွေ့

မောင်တော  ဇွန် ၂၄

 

 

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ကညင်တန်းရပ်ကွက်နေ အသက်(၄၈)နှစ်အရွယ် ကျားတစ်ဦး ဇွန် ၂၀ ရက် နေ့တွင်  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရပြီး  အဆိုပါ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူ(၅)ဦးအား  ဇွန် ၂၃ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က Standard Q Covid -19 Antigen Test ဖြင့် စစ်ဆေးခဲ့ရာ အသက်(၂၉)နှစ်အရွယ် (ကျား)တစ်ဦးမှာ  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။ 

 

 

အဆိုပါ ပိုးတွေ့လူနာ (ကျား) တစ်ဦးအား မောင်တောမြို့နယ် ပြည်သူ့ ဆေးရုံရှိ  ကိုဗစ်-၁၉ အတည်ပြု သီးသန့် ဆောင်တွင်  ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိရာ  ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်နေ့ မှ ဇွန် ၂၃ ရက်နေ့ထိ ကိုဗစ် အတည်ပြုလူနာ စုစုပေါင်း (၆)ဦးရှိပြီး ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာများအနက် နှစ်ဦးမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရက်ပြည့်မြောက်ပြီး ရောဂါလက္ခဏာထပ်မံ ပြသမှုမရှိသဖြင့်  ဆေးရုံ ဆင်းခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

 

 

သက်လွင်စိုး