တောင်ကုတ် ဇွန် ၂၃
ရခိုင်ပြည်နယ် သံတွဲခရိုင်တောင်ကုတ်မြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ဘဏ္ဍာရေးနှစ်ကို ဧပြီလ ၁ ရက်နေ့ မှမတ် ၃၁ ရက်နေ့ထိ ပြောင်းလဲပြင်ဆင် သတ်မှတ်နိုင်ရေးအတွက်၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်း ရေးဆွဲနိုင်ရေး အစည်းအဝေးကို ယမန်နေ့ နေ့လည် ၂ နာရီအချိန် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွေးက အဖွင့်အမှာ စကားပြော ကြားပြီး မြို့နယ်စီမံကိန်းဦးစီးမှူးဦးဆန်းမြင့်က ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက် နေ့မှ ၂၀၂၂ ခုနှစ် မတ် လ ၃၁ ရက်နေ့ထိ (၆)လအတွက် ဒေသန္တရစီမံကိန်းရေးဆွဲနိုင်ရေး ကိစ္စရပ်များအား ရှင်းလင်းခဲ့ပြီး မြို့နယ်တာဝန်ရှိသူများက ဆွေးနွေးခဲ့ရာ မြို့နယ် စီမံအုပ်ချုပ် ရေး ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက ပေါင်းစပ်ဆွေးနွေးပေးခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)