ငါန်းဇွန် ၊ ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့ အမှတ်(၄)ရပ်ကွက် စက်မှုလယ်ယာဝင်းအတွင်း၌ (၄)ခန်းတွဲ (၄)ထပ်ဆောင် ဝန်ထမ်းအိမ်ရာတည်ဆောက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများမှ ယမန်နေ့နံနက် ၁၁နာရီခွဲအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးမင်းသိန်း (မြို့နယ်အုပ်ချုပ်ရေးမှူး) နှင့် အဖွဲ့ဝင်များသည် တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး
ဒေါ်ခိုင်ဝါဦး၊ ခရိုင်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာမျိုး၊ မြို့နယ်တည် ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့်အတူ ငါန်းဇွန်မြို့ အမှတ်(၄) ရပ်ကွက် စက်မှုလယ်ယာဝင်းအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးဘတ်ဂျက် ခွင့်ပြု ငွေ(၂၆၆)ကျပ်သန်းဖြင့် True Mark Co.ltd မှ တာဝန်ယူ တည်ဆောက်လျှက်ရှိသည့် ဝန်ထမ်းအိမ်ရာ (အလျား ၆၁ပေ ၆လက္မ၊ အနံ ၅၁ပေ)(၄)ခန်းတွဲ (၄)ထပ်ဆောင်တစ်လုံးဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ True Mark Co.ltd မှ တာဝန်ရှိသူများက ဆောက်လုပ်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် ဆောက်လုပ်မှု လုပ်ငန်း အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး လုပ်ငန်းသုံးပစ္စည်းများ အဆောက်အဦတွက်ချက်မှုပုံစံအတိုင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရေး၊ စံချိန်စံညွှန်းကိုက်ညီစွာ ဆောင်ရွက်ရေးတို့အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)