နယုန်လပြည့် မဟာသမယ အခါတော်နေ့

 

 

မင်းဘူး ဇွန် ၂၄

    

ဘုရားရှင် လက်ထက်တော် အခါက ရဟန္တာ ငါးရာတို့သည် မိမိတို့ရရှိပြီးသော တရားထူးကို လျောက်ထားရန်နှင့် ဘုရားရှင်အား ဖူးမြော်ရန်  နယုန်လပြည့် ညချမ်းအချိန်အခါတွင် စုရုံး၍ ရောက်ရှိလာကုန်၏။ ဤကဲ့သို့ ထူးခြားသော သံဃာအစုအဝေးကြီးကို တွေ့မြင်ကြည်ညို လိုကြကုန်သော နတ်ဗြဟ္မာ အသုရာ ဂဠုန်နဂါးတို့သည် မဟာဝုန်တောသို့ အုပ်စုလိုက် စုဝေး၍ ရောက်ရှိလာချိန်ကို မဟာသမယ ဟု ခေါ်ဆို၍ ရဟန္တာငါးရာနှင့် နတ်ဗြဟ္မာတို့၏ အမည်နာမ ဘုံဌာန တန်ခိုးက္ကဒ္ဓိပါဒ် အခြွေအရံတို့၏ ထုတ်ဖော်မြွတ်ကြားချက်ကို မဟာသမယသုတ်ဟု ခေါ်သည်။

     

 

နယုန်လပြည့် မဟာသမယနေ့တွင် ထူးချားချက် (၉) ချက်ရှိသည်။ ၎င်းတို့မှာ

 

၁။ ရေလုပွဲကြီးဆင်နွဲကြပြီး တောင်သူလယ်သမားတို့ ငြင်းခုန်ခိုက်ရန်ဘေးမှ ကင်းဝေး၍ ထူးခြားခြင်း။

 

၂။ ကပိလဝတ်နှင့် ကောလိယ နှစ်ပြည်ထောင် စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှ ကင်းဝေးပြီး ငြိမ်းချမ်းရေးရသော       နေ့ဖြစ်၍ ထူးခြားခြင်း။

 

၃။ နတ်ဗြဟ္မာ အသူရာနှင့် နဂါးဂဠုန်များသည် ရဟန်းတော်နှင့် ဘုရားရှင်များ လက်ထက်တွင် ဤတစ်ကြိမ်သာစုရုံး    မိသောနေ့ဖြစ်၍ ထူးခြားခြင်း။

 

၄။ မင်းသားငါးရာ သာသနာ့ဘောင်သို့ ဝင်ရောက်သောနေ့ဖြစ်၍ ထူးခြားခြင်း။

 

၅။ ရဟန်းတော်ငါးရာလုံး ရဟန္တာ ဖြစ်သောနေ့ဖြစ်၍ ထူးခြားခြင်း။

 

၆။ နိမ္မိတ ဘုရားကမေး၍ ပကတိဘုရားရှင်က ဖြေဆိုသည်ကို နာကြားရသောကြောင့် ထူးခြားခြင်း။

 

၇။ မဟာသမယကို အကြောင်းပြု၍ ဂဠုန်နဂါးတို့ ခိုက်ရန်မဖက် မေတ္တာသက်ဝင်သောနေ့ဖြစ်၍ ထူးခြားခြင်း။

 

၈။ မဟာသမယဆိုင်ရာ သုတ္တန်ခုနှစ်မျိုးကို ဟောကြားသော နေ့ဖြစ်၍ ထူးခြားခြင်း။

 

၉။ ဘိက္ခူနီသာသနာ လမ်းစပေါ်သော နေ့ခြစ်၍ ထူးခြားခြင်းတို့ ဖြစ်ပါသည်။

 

ဤနေ့တွင် ဗုဒ္ဓဘာသာဝင် သူတော်စင်များအားလုံး ကျောင်းကန်ဘုရားများသွား၍ အလှူပေးခြင်း၊ ဥပုသ် သီလ ဆောက်တည်ခြင်း၊ ပန်းဆီမီးရေချမ်း ကပ်လှူခြင်း၊ တရားဘဝနာ ပွါးများခြင်း၊ ပဌာန်း ဒေသနာ တော်များ ရွတ်ဖတ်ပူဇော်ကြခြင်းဖြင့် ကုသိုလ်ယူကြလေသည်။

 

ဇေယျာထက် (မင်းဘူး)