ရွှေပြည်သာ ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ပြည်သူများ အပြင်သွားလာရာတွင် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာရေး Mask Campaign နှင့် ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီက ထန်းခြောက်ပင်လမ်းဆုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပါးစပ်နှာခေါင်းစည်း Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း အဖွဲ့က အပြင်သွားလာကြသည့် ဒေသခံပြည်သူများနှင့် ခရီးသွား ပြည်သူများကို မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း စနစ်တကျ နေထိုင်သွားလာကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရန် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၆) ပေ ကွာနေထိုင်သွားကြရန်၊ လက်ကို စနစ်တကျ ဆေးကြောရန်၊ ပါးစပ်နှာခေါင်းစည်းမပါသော ဒေသခံပြည်သူများနှင့် ခရီးသွား ပြည်သူများအား နှာခေါင်းစည်း (Mask) များ ဖြန့်ဝေတပ်ဆင်ပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပူးပေါင်းအဖွဲဝင်များက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသော “သတင်းစကား” လက်ကမ်းစာစောင် များကိုလည်း ပြည်သူများ လက်ဝယ်အရောက် ဝိုင်းဝန်းဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေးမိုး