ပုလော ဇွန် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)မှ အခမဲ့ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၈)နာရီ အချိန်က ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာသင်ကျောင်းများရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ပုလောမြို့နေ ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ဖြန့်ဝေ ပေးခဲ့သည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်များတွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်၊ မုံရွာဝင်းဖေရေးသားသော ကမ္ဘာ့ရန်သူ ဘိန်းဖြူ (ကဗျာ)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ စသည့် အသိပညာပေး ကာတွန်းများ ပါဝင်ခဲ့ကြောင်း သိရသည်။
အေးအေးမော်