တနင်္သာရီ ဇွန် ၂၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန မြိတ်ခရိုင် ရုံးမှ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ယမန် နေ့ နံနက် ၁၀ နာရီအချိန်မှစ၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ရှင်းလင်းပွဲနှင့် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၃၅၇)ဦးတို့အတွက် လူမှုရေး ပင်စင် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့် အဖွဲ့ဝင်များ၊ မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်း၊ ဦးစီးအရာရှိ ဒေါ်ခိုင်သီရိမျိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဦးစီးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုစုပေါင်း(၆၀)ဦးခန့် တက်ရောက်ကြ ကြောင်း သိရှိရသည်။
အခမ်းအနားတွင် တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က အဖွင့်အမှာစကား ပြေားကြား၍ မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းမှ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၂၃)ရက်က အတည်ပြု ပြဋ္ဌာန်းခဲ့သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်နှင့် ပတ်သက်၍ ကလေးသူငယ်များအား ကာကွယ် စောင့်ရှောက် ခွင့်၊ ကလေးသူငယ်များ ခံစားရရှိမည့် အကျိုးခံစားခွင့်တို့အား ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ သိရှိလိုသည်များ မေးမြန်းမှုအား ပြန်လည် ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွား များအား လူမှုရေးပင်စင်ထောက်ပံ့ပေးနေမှုနှင့် ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဏာနှစ်၊ ဒုတိယသုံးလပတ် (ဇန်နဝါရီ+ဖေဖော်ဝါရီ+မတ်) (၃)လအတွက် တစ်လလျှင် (၁၀၀၀၀)ကျပ် နှုန်းနှင့် ဘိုးဘွား(၃၅၇)ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း(၁၀)သိန်းနှင့် ၁၀၀၀၀) ကျပ်တိတိကို ယခုထောက်ပံ့ပေးအပ်မည်ဟု ရှင်းလင်းပြောကြားပြီးနောက် ထောက်ပံ့ငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်ထံသို့ လွှဲပြောင်းပေးအပ်သည်။
ထို့နောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊ မြို့နယ်စီမံအုပ်ချုပ် ရေး အဖွဲ့ဝင်(ဒေသခံကိုယ်စားလှယ်) ဦးကျော်ကျော်ခေါင်၊ မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းနှင့် ဦးစီးအရာရှိ ဒေါ်ခိုင်သီရိမျိုး တို့က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု(၂၄)စုမှ အုပ်ချုပ်ရေးမှူးများထံ ၎င်းရပ်ကျေးများအလိုက် ထောက်ပံ့ပေးမည့် ဘိုးဘွားများ အရေအတွက်အတိုင်း ထောက်ပံ့ငွေများအား ထပ်မံလွှဲပြောင်းပေးအပ်ကြောင်း သိရသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးတို့သည် ချောင်းငယ် ရပ်ကွက်ရှိ အဘွားနှစ်ဦးတို့၏ နေအိမ်သို့သွားရောက်၍ လူမှုရေး ပင်စင်ငွေ(၃၀၀၀၀)စီအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း