သတင်းများ

ပန်းတောင်းမြို့နယ် ဥသျှစ်ပင်လမ်းဆုံ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်တွင် အသိပညာပေးလုပ်ငန်းများ နေ့စဉ်အရှိန်ဟုန်မြှင့်ဆောင်ရွက်
Jun 29,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်း​တောင်းမြို့နယ် ဥသျှစ်ပင်လမ်းဆုံ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများမှ အဖွဲ့အလိုက် နေ့စဉ်တာဝန်ချထား၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ အသိ ပညာပေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre) သို့ စာအုပ်များ လှူဒါန်း
Jun 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြည်သူများ စာအုပ်စာပေကောင်းများကို အလွယ်တကူ ဖတ်ရှုခွင့်ရရှိစေရန်နှင့် စာအုပ်စာပေ များကို ချစ်မြတ်နိုးသော စာဖတ်ပရိတ်သတ်များ စာပေနှင့် ထိစပ်နီးစပ်ကာ စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိပြီး စာပေ ဗဟုသုတများစွာ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းတွင် စာရေးဆရာမ ပေါက်ပေါက် (တင်ထက်ထက်ဇော်)က အဆိုပါ လူထုအခြေပြုဗဟိုဌာနသို့ စာအုပ်များ လာရောက် လှူဒါန်းခဲ့သည်။
လားရှိုးမြို့ Stay at home ဖြင့် အခြေခံပညာကျောင်းများအားလုံး ယာယီပိတ် မြို့တွင်းရှိရပ်ကွက်များအလိုက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jun 29,2021
ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့၌ ကျန်းမာရေးဝန်ကြီးဌာနက Stay at home သတ်မှတ်လိုက်သည့် ဇွန်လ(၂၇) ရက်နေ့က စတင်ကာ လားရှိုးမြို့ရှိအခြေခံပညာကျောင်းများကို ယာယီပိတ်လိုက်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ) ၏ကြေငြာချက်များအရ သိရှိရသည်။
တောင်တွင်းကြီးမြို့ ရွှေအိုး(၂)မူလွန် RCC သုံးထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာကျင်းပ
Jun 29,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၌ ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာ သင်ကြားနိုင်စေရန်အတွက် ရွှေအိုး(၂)မူလွန်ကျောင်း မြေနေရာတွင် ၁၂၀×၃၀ (ပေ) RCC သုံးထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ကျင်းပခဲ့သည်။
ဖားကန့်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်မှု မဖြစ်ပေါ်စေရေး ကြိုတင်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 29,2021
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်မှုမဖြစ်ပေါ်စေ ရေး ကြိုတင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီက ဖားကန့်မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်
Jun 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ အကြောင်း သိရှိနိုင်စေရန်နှင့် မူးယစ်ဆေးဝါး၏သားကောင်း မဖြစ် စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
လဲချားမြို့နယ်တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ အခမ်းအနား ကျင်းပ
Jun 29,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက်ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီအချိန်က  “ဖူဆယ်စတား” အားကစား ကွင်းတွင်ကျင်းပ ပြုလုပ်ခဲ့သည်။
ပရဟိတလူမှုကူညီရေးအသင်းများမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် နောင်ချိုမြို့ပေါ်၌ ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်
Jun 29,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)နောင်ချိုမြို့နယ် ပရဟိတလူမှုကူညီရေးအသင်းများမှ ကိုဗစ် -၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် နောင်ချိုမြို့ပေါ်၌ ပိုးသတ်‌ဆေးဖျန်းခြင်းလုပ်ငန်းကို ဇွန် ၂၇ နှင့် ၂၈ ရက်နေ့များတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။