ပန်းတောင်းမြို့နယ် ဥသျှစ်ပင်လမ်းဆုံ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်တွင် အသိပညာပေးလုပ်ငန်းများ နေ့စဉ်အရှိန်ဟုန်မြှင့်ဆောင်ရွက်

ပန်းတောင်း ဇွန် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်း​တောင်းမြို့နယ် ဥသျှစ်ပင်လမ်းဆုံ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများမှ အဖွဲ့အလိုက် နေ့စဉ်တာဝန်ချထား၍  ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ အသိ ပညာပေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တာဝန်ရှိသူများမှ  ဥသျှစ်ပင်လမ်းဆုံရှိ စစ်ဆေးရေးဂိတ်တွင် မြို့အတွင်း ဝင်ရောက်လာကြသူများကို ပါးစပ် နှာခေါင်းစည်း Mask တပ်ဆင်မှုရှိ/ မရှိစစ်ဆေး ခြင်း၊ Mask ကို စနစ်တကျ တပ်ဆင်သွားလာရေး၊ အပူချိန်များ တိုင်းတာခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ ပြုမူနေထိုင်သွားလာရေး အသိပညာပေးနှိုးဆော်ခြင်း၊ Mask ကို စနစ်တကျ တပ်ဆင်ပြီးမှသာ မြို့တွင်းသို့ ဝင်ထွက်သွားလာစေခြင်း စသည်တို့ကို ပညာပေးဆောင်ရွက် လျက်ရှိကြောင်းနှင့် အဆိုပါ စစ်ဆေးရေးဂိတ်ကို နေ့စဉ် နံနက်(၆)နာရီမှ ည(၈)နာရီအထိ ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိ ပညာပေးလုပ်ငန်းများ နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

သင်းသင်းအေး