ပရဟိတလူမှုကူညီရေးအသင်းများမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် နောင်ချိုမြို့ပေါ်၌ ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်

နောင်ချို ဇွန် ၂၉

ရှမ်းပြည်နယ် (မြောက်ပိုင်း)နောင်ချိုမြို့နယ် ပရဟိတလူမှုကူညီရေးအသင်းများမှ ကိုဗစ် -၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် နောင်ချိုမြို့ပေါ်၌ ပိုးသတ်‌ဆေးဖျန်းခြင်းလုပ်ငန်းကို ဇွန် ၂၇ နှင့် ၂၈ ရက်နေ့များတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပိုးသတ်ဆေးဖျန်းရာတွင် သဖန်းကိုင်းပရဟိတကလူမှုကူညီရေးအသင်းမှ မြို့ပေါ်၌ Lock down ချထားသော နေအိမ်များ၊ မြို့မဈေးပတ်လည်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လူသွားလူလာများသော ဈေးဆိုင်များ၊ ဂေါ်ရခါးကျောင်း၊ ရဲစခန်းဝင်းအတွင်း၊ ဆွမ်းလောင်းအသင်း၊ တို့တွင် ပိုးသတ်ဆေးဖျန်းခြင်းများကို လည်းကောင်း၊ စေတနာမွန်လူမှုကူညီရေးအသင်းမှ နောင်ချိုဆေးရုံရှိ ပိုးတွေ့လူနာများ ခေတ္တထားရှိရာ အဆောင်များ၊ ပိုးတွေ့ရှိရာ နေအိမ်များအား ပိုးသတ်ဆေးဖျန်းခြင်းများကိုလည်းကောင်း ဆောင်ရွက်ခဲ့ကြသည်။

နောင်ချိုမြို့နယ်၏ ပရဟိတလူမှုကူညီရေးအသင်းများသည် မြို့နယ်မှ အားထားရသော အသင်းများဖြစ်ပြီး ဖြစ်ပေါ်လာသည့် အခြေအနေအလိုက် လိုအပ်သလို တက်စွမ်းသမျှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထွေးငယ် (ပြန်/ဆက်)