သတင်းများ

နမ္မတူမြို့နယ်၌ နမ္မတူ-လားရှိုး-မူဆယ် ‌ပြေးဆွဲလျက်ရှိသည့် ယာဉ်လိုင်းများအားလုံး ယာယီပိတ်ထား
Jun 29,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန် ရည်ရွယ်၍ နမ္မတူ-လားရှိုး-မူဆယ် ပြေးဆွဲလျက်ရှိသည့် ယာဉ်လိုင်းများအားလုံး ယမန်နေ့မှ စတင်ကာ ယာယီပိတ် ထားမည် ဖြစ်ကြောင်း သိရသည်။
ချောင်းဦးမြို့နယ် မကျီးခွကျေးရွာ ကုန်ထုတ်လမ်းလုပ်ငန်း ပြီးစီးမှုများအား သွားရောက် စစ်ဆေး ခြင်း ဆောင်ရွက်
Jun 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးကိုစဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးလက် ကုန်ထုတ်လမ်းများ ဆောင်ရွက်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီ အချိန်က မကျီးခွကျေးရွာ ကုန်ထုတ်လမ်းလုပ်ငန်းပြီးစီး မှုများအား သွားရောက် စစ်ဆေးခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် နောင်ချိုမြို့မဈေးနှင့် ကျေးလတ်ဈေးများအား ဇူလိုင်လ ၆ ရက်အထိတိုးမြှင့်၍ ယာယီပိတ်ထား
Jun 29,2021
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ် -၁၉ ရောဂါသည် ယခုအခါ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ဖြစ်ပေါ်ပျံ့ပွားလျက်ရှိရာ နောင်ချိုမြို့မဈေးနှင့် ကျေးလတ်ဈေးများကို ဇူလိုင်လ ၆ ရက်နေ့အထိ တိုးမြှင့်၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
နမ္မတူမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပိုးသတ်ဆေးဖျန်းဆောင်ရွက်
Jun 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်း၌ ယမန်နေ့ နေ့လည် (၁)နာရီအချိန်ခန့်က ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ပိုးသတ်ဆေးဖျန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့တွင် အခြေခံပညာကျောင်းများရှိ ဆရာ၊ဆရာမများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jun 29,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကန့်ဘလူမြို့ ခုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံ ၌ ယနေ့နံနက် ၉ နာရီက ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များကလိုက်လံကြည့်ရှုကာ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ နှစ်ဦးထပ်မံတွေ့ရှိ
Jun 29,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီမှ  ကိုဗစ်-၁၉ ရောဂါပိုးထိတွေ့ခဲ့သည့် ပြည်သူများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ရွေ့လျားရှာဖွေစနစ်ဖြင့် ကိုဗစ် -၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့်  စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ  ယနေ့  နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်တွင်နေထိုင်သည့် အသက်(၂၇)နှစ်အရွယ်၊ အမျိုးသမီးတစ်ဦး  နှင့် အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သည့် အသက် (၃၃)နှစ်အရွယ်၊ အမျိုးသားတစ်ဦး၊ စုစုပေါင်း(၂)ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 29,2021
ကိုဗစ် - ၁၉ ရောဂါသည် ကူးစက်မှုပြန်လည်မြင့်တက်လာရာ မန္တလေးတိုင်းဒေသကြီးအတွင်း ရောဂါကူးစက်မှု မရှိစေရေးအတွက် ပြင်ဦးလွင်မြို့နယ် ၊