လဲချား ဇွန် ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက်ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီအချိန်က “ဖူဆယ်စတား” အားကစားကွင်းတွင်ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အားကစားကော်မတီဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများမှ အသီးသီးနေရာယူကာ အားကစား အဓိဌာန် ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများမှ ပြိုင်ပွဲဝင် ဘောလုံးအသင်းသားများအား နှုတ်ဆက်စကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်း၏ ပံ့ပိုးကူညီမှုဖြင့် ကျောင်းသူလေးများမှ ကပြဖျော်ဖြေခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် စုစုပေါင်း (၁၃)သင်းပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး (၂၉-၆-၂၀၂၁)မှ (၁-၇-၂၀၂၁)ရက်နေ့အထိ ကျင်းပမည်ဖြစ် ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)