ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre) သို့ စာအုပ်များ လှူဒါန်း

ရန်ကုန် ဇွန် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြည်သူများ စာအုပ်စာပေကောင်းများကို အလွယ်တကူ ဖတ်ရှုခွင့်ရရှိစေရန်နှင့် စာအုပ်စာပေ များကို ချစ်မြတ်နိုးသော စာဖတ်ပရိတ်သတ်များ စာပေနှင့် ထိစပ်နီးစပ်ကာ စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိပြီး စာပေဗဟုသုတများစွာ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းတွင် စာရေးဆရာမ ပေါက်ပေါက် (တင်ထက်ထက်ဇော်)က အဆိုပါ လူထုအခြေပြုဗဟိုဌာနသို့ စာအုပ်များ လာရောက် လှူဒါန်းခဲ့သည်။

ထိုသို့ လှူဒါန်းရာတွင စာရေးသူကိုယ်တိုင် ရေးသားသည့် ကျန်းမာရေးဆိုင်ရာ စာအုပ်များဖြစ်သော ၂၁ ရာစု ကမ္ဘာ့ကပ်ရောဂါဘုံရန်သူ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာစာအုပ် အမေးရှိ အဖြေညှိ၊ ကျန်းမာရေး အသိစာအုပ်၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါများကြောင့် အသက်မဆုံးကြစေဖို့ စာအုပ်၊ ကင်းဆာဘေး၊ ဝေးကြပါစေ စာအုပ်များနှင့် လူမှုဘဝ အတွေးအမြင် ဆောင်းပါးစာအုပ်ဖြစ်သော စာနာ အလိုက်သိစွာ အတွေးအမြင် အနုပညာစာအုပ်များကို လှူဒါန်းရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် အနောက်ပိုင်းခရိုင်(ဗဟန်း)ခရိုင် ဦးစီးအရာရှိ ဒေါ်လှလှဌေးက လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ လှူဒါန်းခဲ့သော စာအုပ်များကို အများပြည်သူများ အလွယ်တကူ လေ့လာဖတ်ရှုခွင့် ရရှိနိုင်ရန် အတွက် စာအုပ်စင်တွင် ထားရှိသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အောင်မြင့်