ဒေးဒရဲမြို့၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign လှုပ်ရှားမှုများ ဆောင်ရွက်
Jun 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်၊ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်နှာခေါင်းစည်း တပ်ဆင်သည့် အလေ့အကျင့်ဖြစ်စေရန် ရည်ရွယ်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက စည်ပင်သာယာ မြို့မဈေးအတွင်းနှင့် လူစည်ကားရာ နေရာများတွင် Mask Campaign လှုပ်ရှားမှုများအဖြစ် ပါးစပ် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။