သတင်းများ

ကမာရွတ်မြို့နယ်တွင် လျှပ်စစ်ဓာတ်အား ယာယီ ပြတ်တောက်
Jun 29,2021
ယနေ့ နံနက် (၉:၀၀) နာရီ မှ  (၁၂ :၀၀)  နာရီအချိန်ထိ ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်ရှိ  ရပ်ကွက်အချို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်လျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရှိရသည်။
နတ်မောက်မြို့နယ်တွင် မိသားစုတစ်နိုင်တစ်ပိုင် တိုင်းရင်းဒေသကြက်ပေါက်မွေးမြူရေး လုပ်ငန်း လုပ်ကိုင်
Jun 29,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကန်ကြီးရပ်ကွက်တွင် မိသားစုတစ်နိုင်တစ်ပိုင် တိုင်းရင်း ဒေသ ကြက်မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိသည်။
အလုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ဆောင်ရွက်
Jun 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၇ နာရီ ၃၀ အချိန်က Mask Campaign ပြုလုပ်ဆောင်ရွက် ခဲ့ကြသည်။
မိုးနဲမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရေးအတွက် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိ
Jun 29,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရေး အထောက် အကူပြုစေရန် နှစ်စဉ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများကို ထုတ်ချေးပေးလျက် ရှိရာ ၂၀၂၁ခုနှစ် ယခုနှစ်တွင်လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ခံ ဦးကြည်စိုးမှ ဦးစီး၍ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်၌ မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး (Oss)၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ချောင်းဆုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 29,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါများကူးစက်ပျံ့ပွားမှုမဖြစ်စေရေး အတွက် ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များတက်ရောက် ကြသည်။
မီးခတ်ချောင်းသစ်တောဦးစီးဌာန ယာယီပျိုးဥယျာဉ်မှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး ပျိုးပင်များ ပျိုးထောင်၍ အခမဲ့ ဖြန့်ဝေ
Jun 29,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ မီးခတ်ချောင်း သစ်တောဦးစီးဌာန၊ ယာယီပျိုးဥယျာဉ် အနေဖြင့်  မိုးရာသီတွင် သစ်ပင်များစိုက်ပျိုးနိုင်ရန်အတွက်  ကျွန်း၊ မန်ဂျာရှားနှင့် မဟော်ဂနီ စသည့် ပျိုးပင်ပေါင်း (၂၀၀၀၀) ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။
​​ကျောက်တံတားမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
Jun 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ​​ကျောက်တံတားမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် ယမန်​​​နေ့ နံနက်ပိုင်းက မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းလမ်း​ထောင့်ရှိ ​ကြေးနန်းရုံးနှင့် စာတိုက်ကြီးသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းလှမြို့အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ(၃၀၇)ဦးကို Swab နမူနာ ယူစစ်ဆေး
Jun 29,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ  မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သည့် (၃၀၈)ဦးကို ဇွန်လ ၂၈ ရက်နေ့က သက်ဆိုင်ရာ Quarantine Center များ၌ Swab နမူနာ ယူစစ်ဆေးခဲ့ကြောင်း သိရသည်။