သတင်းများ

ဖျာပုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်တားဆီးနှိမ်နင်းရေးအတွက် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများဆောင်ရွက်
Jun 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ဆေးရုံအုပ်ကြီး၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများမှ ဦးဆောင်း၍ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ် တားဆီးနှိမ်နင်း ရေးနှင့် ရောဂါမဖြစ်ပွား စေရေး အတွက် (ဖုံး သွန်၊ လဲ၊ စစ်) လုပ်ငန်းများနှင့်အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်တွင် ဖျာပုံမြို့အမှတ်(၁၄)ရပ်ကွက်နေ ပြည်သူများ၏ နေအိမ်များသို့ သွားရောက်ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 29,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြိုတင်ကာကွယ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
ဇီးကုန်းမြို့နယ်တွင် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်း ပြုလုပ်ဆောင်ရွက်
Jun 29,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် တရားရုံးမှ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ခြင်းကို ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
မုံရွာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ချင်းတွင်းမြစ်အတွင်းသို့ ပထမအကြိမ် ငါးမျိုးများစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပ
Jun 29,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးပြီး အများပြည်သူ ငါးရိက္ခာတိုးပွားစေရန်အတွက် ရည်ရွယ်၍ ချင်းတွင်းမြစ်အတွင်းသို့ ပထမအကြိမ် ငါးမျိုးများစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉) နာရီက မုံရွာမြို့ သလ္လာရပ်ကွက် ကမ်းနားလမ်း ချင်းတွင်းမြစ်ဘေး၌ ကျင်းပရာ မုံရွာခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမောင်မောင်၊ ခရိုင်/မြို့နယ် ငါးမျိုးစိုက် ကြီးကြပ်မှူးကော်မတီဝင်များ၊ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ(၄၈)ဦးကို Swab ယူစစ်ဆေးရာ (၂၉) ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jun 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ(၄၈)ဦးကို Swab ယူ စစ်ဆေးရာ (၂၉)ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ ကြောင်း သိရသည်။
ဖောင်းပြင်မြို့နယ်၌ မြစိမ်းရောင်အသားကဏ္ဍဖွံ့ဖြိုးရေး ချေးငွေများထုတ်ချေး
Jun 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အသားကဏ္ဍဖွံ့ဖြိုးရေး အတွက် ၂၀၂၀- ၂၀၂၁ဘဏ္ဍာနှစ် ​မြစိမ်းရောင်အသားကဏ္ဍဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေအား ဝက်တစ် ကောင်လျှင် တစ်သိန်းကျပ် နှုန်းဖြင့် မင်းယားကျေးရွာအုပ်စု ဆွတ်နန်းကျေးရွာ၌ ယမန်နေ့က ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
မင်းလှမြို့တွင် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားပြုလုပ်
Jun 29,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တရားရုံး၏ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ရှင်း လင်းခြင်း အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်ရေး Mask Campaign ပြုလုပ်
Jun 29,2021
သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ် တားဆီးနိုင်ရေး အတွက် ပြည်သူများနေအိမ်ပြင်ပ သွားလာ ရာတွင် ပါးစပ်၊ နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခြင်း ကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ် က ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။