ရန်ကုန် ဇွန် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ အကြောင်း သိရှိနိုင်စေရန်နှင့် မူးယစ်ဆေးဝါး၏သားကောင်း မဖြစ်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ရာတွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ ခရိုင်ဦးစီးအရာရှိ ဒေါ်အေးအေးခိုင်၊ မူးယစ်ဆေးဝါး ဆန့်ကျင့်ရေးအသင်း(အင်းစိန်)ဥက္ကဋ္ဌ ဦးဘိုကြည်နှင့် တရားလွှတ်တော်ရှေ့နေ(အင်းစိန်) ဦးကြည်စိုးတို့က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဗဟုသုတများကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးရာ တွင် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါး ဖြစ်ပေါ်လာပုံနှင့် မူးယစ်ဆေးဝါး၏ သမိုင်းအကြောင်းစသည့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် သိကောင်း စရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို