တောင်တွင်းကြီးမြို့ ရွှေအိုး(၂)မူလွန် RCC သုံးထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာကျင်းပ

တောင်တွင်းကြီး ဇွန် ၂၉

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၌ ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာ သင်ကြားနိုင်စေရန်အတွက် ရွှေအိုး(၂)မူလွန်ကျောင်း မြေနေရာတွင် ၁၂၀×၃၀ (ပေ) RCC သုံးထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူရှိန်းနှင့် အဖွဲ့၀င်များ၊ ပညာရေးဌာနမှ တာ၀န်ရှိသူများက မင်္ဂလာအချိန်တွင် ပန္နက်တော်များ ရိုက်ကာ အမွှေးနံ့သာရည်များ ပတ်ဖျန်း ပေးခဲ့ကြ သည်။

အဆိုပါ ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်းကို ပညာရေးဌာန ခွင့်ပြုငွေကျပ် (၂၆၆.၇၆)သန်း ဖြင့် တင်ဒါအောင်မြင်သော ငွေတိုးဝေကုမ္မဏီက တာ၀န်ယူပြီး ဆောင်ရွက်သွားမည်ဖြစ်ကာ သတ်မှတ် စံချိန် စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ပညာရေး ဌာနတာ၀န်ရှိသူများက ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်၀င်း