ရန်ကုန် ဇူလိုင် ၂
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု များလာမှုကြောင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အများပြည်သူများ ကိုဗစ်-၁၉ အသိ၊ သတိနှင့်အတူ သွားလာနေထိုင်မှုရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီက ဦးဘဟန်လမ်းနှင့် ရပ်ကွက်များအတွင်းသို့ Mask Campaign နှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထူး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးညီဖြိုးဝေနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ နှာခေါင်စည်း(Mask) အခုရေ (၂၀၀၀)ခန့်အား လမ်းသွားလမ်းလာ ပြည်သူများ၊ ရပ်ကွက်နေပြည်သူများအား မျှဝေပေးခြင်းနှင့် ကိုဗစ်-၁၉ အသိပညာပေး ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်အတွင်း Mask Campaign နှင့် အသိပညာပေးခြင်း လုပ်ငန်းများကို အပတ်စဉ် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
လင်းလင်းထွန်း