စစ်တွေ ဇူလိုင် ၂
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းက ယခုအချိန်တွင် ကိုဗစ်- ၁၉ ရောဂါ၊ တတိယလှိုင်းအန္တရာယ်နှင့်အတူ မိုးဦးကျကာလတွင် ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ်များ ကို အထူးဂရုစိုက်ပြီး အရေးတကြီးသတိထားနေရသည့် ကာလဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများဖြစ်သော အန္တရာယ် မကျမီ ကြိုတင်ပြင်ဆင်းခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ၊ ဘေးအန္တရာယ်ကျရောက်သည့် အခါ ရှာဖွေကယ်ဆယ်ရေးအပါအဝင် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ကျရောက် ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို စနစ်တကျထိ ရောက်လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဖြစ်ပေါ်လာနိုင်သည့် ဘေး အန္တရာယ်နှင့်ပတ်သက်ပြီး ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားနေစဉ်၊ ဘေးဖြစ်ပွားပြီးနောက် ဆောင်ရွက် ရမည့်လုပ်ငန်းများကို အနီးကပ်ကြီးကြပ်၍ ထိရောက်စွာဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အတူ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်ထိ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များကိုလည်း အဆင့်ဆင့်ကြီးကြပ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ယခင်ကထက်ပိုမိုထိရောက် ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် လူမှုရေးအဖွဲ့အစည်းများက တက်ကြွစွာပူးပေါင်း ဆောင်ရွက်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများကလည်း ကောင်းမွန်သော အကြံဉာဏ်များကိုပေးပြီး ပါဝင်ပူးပေါင်းဆွေးနွေးပေးကြစေလိုကြောင်း၊ ရခိုင်ပြည် နယ်သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် ရေကြီးခြင်းဘေး၊ လေမုန်တိုင်းဘေး၊ မီးဘေး စသော သဘာဝဘေးအန္တရာယ်များအပြင် မကြာသေးသောကာလများက စစ်ဘေးစစ်ဒဏ်ခံစား ခဲ့ရသည့် ဒေသတစ်ခုဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာအဖွဲ့ဝင်များအနေဖြင့် မိမိတို့တာဝန်ယူ ဆောင်ရွက်ကြရမည့် အခန်းကဏ္ဍများတွင် တက်တက်ကြွကြွ တာဝန်ယူပူးပေါင်းဆောင်ရွက်သွား ကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး၊ ဦးစိုင်းသော်ဝင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် သဘာဝ ဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး ဆုံးရှုံးခဲ့မှုများ၊ ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းတင်ပြ သည်။ ထို့နောက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ အဖွဲ့ဝင်များက ဘေး အန္တရာယ်မဖြစ်မီ ကြိုတင်ပြင်ဆင်ခြင်း၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ခြင်း၊ ဘေးဖြစ်ပြီးနောက် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့် ခြင်း ဆောင်ရွက်မည့်ကိစ္စ၊ သင်တန်းများပေးမည့်အစီအစဉ်များနှင့် ယခင်ကဘေးအန္တယ် ကျရောက်ခဲ့ သည့်ခါ ဆောင်ရွက်ခဲ့မှုများ၏ အားနည်းချက်အားသာချက်များကို ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေး တင်ပြကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြန်လည်ဆွေးနွေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)