ကျိုက်ဒုံမြို့တွင်(Home Garden)စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား ဟင်းသီးဟင်ရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်

ကျိုက်ဒုံ   ဇူလိုင်   ၂

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက် ၁၀ နာရီ က မြို့စိုက်ပျိုးရေးဦးစီးမှူးနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ကာလမှာ တစ်နိုင်တစ်ပိုင် ဟင်းသီး ဟင်းရွက်စိုက်ပျိုးပြီး မိသားစု စားဝတ်နေရေးအခတ်အခဲမရှိ အဆင်ပြေစေရေးအတွက်မြို့ပေါ်နှင့် ကျေးရွာများမှ(Home Garde )စိုက်ပျိုးမည့် အကျိုးဆောင် တောင်သူများအားဟင်းသီးဟင်းရွက် မျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ဟင်းသီးဟင်းရွက်မျိုးစေ့များတွင် ခဝဲသီး၊ရုံးပဒေသီး၊မုန်လာဥနီ၊မုန်လာဥဖြူ၊ခရမ်းသီး၊ ကျောက်ဖရုံ၊ရွှေ ဖရုံ၊ ကန်ဇွန်း၊ နံနံ၊ ခရမ်းချဉ်သီး၊ချဉ်ပေါင်၊ဖူးစားပြောင်းစသည့် မျိုးစေ့(၁၂)မျိုးအား အကျိုးဆောင်တောင်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိုက်ဒုံ(ပြန်/ဆက်)