ကမမောင်းမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု ကာကွယ်နိုင်ရန် Mask Campaign ဆောင်ရွက်

ကမမောင်း ဇူလိုင် ၂

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်းတပ်ဆင်ရေး Mask campaign ကို    ယနေ့ နံနက် ၉ နာရီအချိန်က သံလွင်ဦးမြို့မစျေးနှင့် ရပ်ကွက်လမ်းဆုံများ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူ ဦးဆောင်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ နယ်မြေရဲတပ်ဖွဲ့စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ နယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ကမမောင်းမြို့ ကြက်ခြေနီအဖွဲ့ခွဲငယ်မှတပ်ဖွဲ့ဝင်များက စျေးဝယ်သူများ၊လမ်းသွားလမ်းလာခရီး ပြည်သူများအား နေအိမ်ပြင်ပမှ ထွက်ခွာတိုင်း မဖြစ်မနေ နှာခေါင်းစည်းကို တပ်ဆင်ကြရန် အသိပညာပေးပြောကြားပေးခဲ့ပြီး အပြင်သွားလာရာတွင် နှာခေါင်း Mask တပ်ဆင်ထားခြင်း မရှိသော လမ်းသွားလမ်းလာပြည်သူများအား Mask များကို အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။

လင်းသန့်