သတင်းများ

သဲကုန်းမြို့မှ သံဃာတော်(၄) ပါး   COVID-19 ပိုးတွေ့    
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့ ၊ မြို့မရပ်ကွက်ရှိ ထန်းရင်းဘုန်းတော်ကြီးကျောင်းမှ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်မှ ပြန်လာသည့် သံဃာ (၁)ပါးသည် နေမကောင်းဖြစ်ရာမှ အနံ့ပျောက်နေကြောင်း သတင်းအရ  ယမန်နေ့မနက်ပိုင်းတွင် သီတဂူ FQC သို့ ပင့်ဆောင်၍ မြို့နယ်ကျန်းမာရေးဌာနမှ RDT ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်ရောဂါပိုးတွေ့ရှိ (Positive) အဖြေထွက်ရှိခဲ့သဖြင့် ၎င်းနှင့်ထိတွေ့ခဲ့သူ သံဃာ (၇)ပါးနှင့် လူပုဂ္ဂိုလ် (၁) ဦးတို့အား ထပ်မံခေါ်ယူစစ်ဆေးခဲ့ရာ သံဃာ (၃)ပါးတွင် ရောဂါပိုးထပ်မံတွေ့ရှိခဲ့ရာ စုစုပေါင်း သံဃာ (၄)ပါးတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ရပါသည်။
နတ်တလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးနှိုးဆော် ဆောင်ရွက်
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များ၊ ဆောင်ရန်/ ရှောင်ရန်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းသို့ ယနေ့ နံနက် ၉ နာရီအချိန်က လိုက်လံကြေညာ ပေးလျက်ရှိသည်။
အုတ်ဖိုမြို့ သီရိမင်္ဂလာအဝင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ၈၅ ရာခိုင်နှုန်းပြီးစီး
Jul 02,2021
ဒေသခံပြည်သူများ၏ သွားလာရေးပိုမိုလွယ်ကူချောမွေ့စေရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တိုင်းဒေသကြီးရန်ပုံငွေဖြင့် မိုးညိုတန်းရပ်ကွက်၊ သီရိမင်္ဂလာအဝင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ဆောင်ရွက် လျက်ရှိရာ ၈၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဖလမ်းမြို့၌ COVID-19 ရောဂါရောဂါကြောင့်သေဆုံးသူ(၁၆)ဦးရှိ
Jul 02,2021
ချင်းပြည်နယ်၊ဖလမ်းမြို့တွင် ပြည်သူများအားCOVID-19ရောဂါ ရှိ/မရှိ စစ်ဆေးပေးလျက်ရှိရာ ဇူလိုင်လ ၁ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိ (၂၇၃)ဦးရှိပြီး သေဆုံးသူ(၁၆)ဦးရှိပြီးဖြစ် ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိ
Jul 02,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများတွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး အသိ ပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းသို့ အလှူရှင်များမှ အလှူငွေနှင့် ပစ္စည်းများ လှူဒါန်း
Jul 02,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်းသို့ လိုအပ်သလိုအသုံးပြုနိုင်ရန် အလှူရှင်များမှ အလှူငွေနှင့်ပစ္စည်းများကို လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့က  နောင်ချိုမြို့ဈေရပ်ကွက်မှ ဦးဖေကြိုင်+ဒေါ်တင်ရီ (သစ္စာအောင်ကော်ဖီ) မိသားစုမှ အလှူငွေ ကျပ်(၁၀)သိန်းကို လှူဒါန်းခဲ့ရာ သဖန်းကိုင်းပရဟိတဆရာတော်မှ လက်ခံရယူ ခဲ့ကြောင်း သိရသည်။
ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ တစ်ဦးထပ်မံတွေ့ရှိ
Jul 02,2021
 ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ   ကိုဗစ်-၁၉ ရောဂါပိုးထိတွေ့ခဲ့သည့် ပြည်သူများကို လုပ်ထုံး လုပ်နည်းနှင့်အညီ ရွေ့လျားရှာဖွေစနစ်ဖြင့် ကိုဗစ် -၁၉ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ  ယနေ့  နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်တွင်နေထိုင်သည့် အသက် (၄၀)နှစ်အရွယ်၊ အမျိုးသားတစ်ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ် မအူကုန်ရပ်ကွက်တွင် ကရင်မေတ္တာလမ်း ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြည်သူများသွားလာရေး ကောင်းမွန်စေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀- ၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် မအူကုန်ရပ်ကွက်တွင် ကရင်မေတ္တာလမ်း ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက် ပြီးကြောင်း သိရသည်။