မြို့သစ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 05,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင ်မြို့သစ်မြို့နယ် သစ်တောသစ်ပင် စိမ်းလန်းစိုပြေရေး၊ သစ်တော ဖုံးလွမ်းမှု ကောင်းမွန်လာစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုများ ကောင်းမွန်လာစေရန် ရည်ရွယ်၍ မြို့သစ်မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကာ မိုးရာသီလူထု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့သစ်မြို့နယ် အောင်ချမ်းသာကျေးရွာ အခြေခံပညာမူလတန်းလွန် ကျောင်းဝန်းတွင် ယမန်နေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။