ရွာငံမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် Antigen Testkit များဖြင့် အခမဲ့သွားရောက်စစ်ဆေးနိုင်
Jul 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ တတိယလှိုင်း ကူးစက်မှုအဖြစ် ဇွန်လ တတိယပတ်မှစတင်၍ ရွာမရပ်ကွက်ရှိ ဉာဏ်ကြီးရှင် ကော်ဖီစက်ရုံမှ စက်ရုံပိုင်ရှင်နှင့် ဝန်ထမ်းများမှ စတင်ကူးစက်ခံခဲ့ရာ ရောဂါကူးစက်မှုများ ထပ်မံ တိုးပွားလာမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုရှိ ဒေသခံပြည်သူများအားလုံး ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် Positive လူနာများနှင့် ထိတွေ့ခဲ့မိ၍ သံသယံရှိခြင်း၊ ပိုးတွေ့လူနာနှင့် ထိတွေ့မှုမရှိသော်လည်း အဖျားလွန်ခြင်း၊ အနံ့ပျောက်ခြင်းများ ဖြစ်ပေါ်လာပါက မြို့နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကုသရေးဦးစီးဌာနသို့ မိမိအသိစိတ်ဖြင့် ဆက်သွယ်သတင်းပေးပို့၍ Antigen Testkit များဖြင့် အခမဲ့ သွားရောက် စစ်ဆေးခံယူနိုင်ကြောင်း သိရသည်။