ကသာ ဇူလိုင် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြည်သူ့ဆေးရုံကြီး၌ ကသာမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ နိုင်ငံ့ဝန်ထမ်းများအား ယမန်နေ့ နံနက်(၈)နာရီ အချိန်မှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး များကို ပထမအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော နိုင်ငံ့ဝန်ထမ်း(၂၅၂)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံသူများကိုလည်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး နှံရာတွင် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများကလည်း ကြီးကြပ် ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် အဆိုပါဝန်ထမ်းများကို သတ်မှတ်ထားသည့် ရက်များတွင် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)